ဧဒင်……
ငြိမ်းချမ်းသလား
စိမ်းစိုသလား
ခြောက်သွေ့ခဲ့လေသလားတော့မသိ
သွေးပျက်စရာ ညအမှောင်မှာ
စေတန်က မြွေဆိုးအဖြစ်ဖန်ဆင်း
သကာလိုချိုမြ
အနီရောင်သစ်သီးချိုမြမြကို ညွှန်ပြလို့
ဘုရားသခင်ကို
လှောင်ပြောင်စတယ်
သူတို့ မာယာမှာယစ်မှူး
အပူတဲ့ အချစ်ရူးကြတော့တာပါပဲ
ခြေရာကိုအစကောက်တော့
ရေကြည်နောက်လို့
တစိုက်မက်မက် တမ်းတနှင်းရိုင်းခပြီ
အာဓံထွေးပွေ့ခဲ့သလား
ဧ၀နွေးထွေးခဲ့သလား
ချမ်းတစိမ့်စိမ့်နဲ့ငါ….
အိမ်မက်မှာကယောင်ခြောက်ခြား
အပူပွားနေမိခဲ့တာ
ဘုရားသခင်အပြစ်ရုပ်သိမ်းပါတော့
အချစ်သစ်သီး
ငါစားခဲ့မိပြီ……………’’အာမင်’’
မုတ်သုံ
အဲ့ကဗျာလေးနဲ့ ထာဝရရင်ခွင့်မှာလင်းလတ်သူအဖြစ် ဂျစ်ပစီမြင်ခဲ့တာ အကိုသုံ~~အားပေးပါတယ် အကိုသုံ~~:)
ReplyDelete