Monday, October 17, 2011

Tomorrow



ဒါငါ့အတွက်နောက်ဆုံးလား
မနက်ဖြန်ဆိုတာ
ခါးသက်ခြင်းလို့ပဲ
ငါသိထားပါတယ်
ခပ်ပေါပေါကြော်ငြာ
တွေလို အချစ်တွေက
တဆိတ်ဖောင်းပွလွန်းမနေဘူးလား
ကောင်းပါတယ်
အရာအားလုံးကောင်းပါတယ်
မနက်ဖြန်ကျရင်
ငါ နိုးထရဦးမယ်
မနက်ဖြန်ကျရင်
ငါငိုကြွေးရဦးမယ်
ငါအသည်းကွဲရဦးမယ်
ငါသီချင်းရေးရဦးမယ်
ကဗျာရေးရဦးမယ်
ငါဆက်သွားရဦးမယ်
တွေ့ကြုံရဦးမယ်
မနက်ဖြန်ကျရင်
ငါ………….
လုပ်ရဦးမယ်……..
ကဲဘာရှိသေးလဲ
                  
                                                မုတ်သုံ

No comments:

Post a Comment