တကယ်တော့
အလွမ်းတွေ ယဇ်ပူဇော်တဲ့ည
အမုန်းတွေက
လက်ခုပ်တီးပီး ကခုန်ရင်း
နှလုံးသား ယဇ်ပူဇော်ပွဲမှာ
မာနတွေက ဂုဏ်ပြုကြတယ်
ဒီအတိုင်း အချစ်တွေက
အခန်းထောင့်လေးမှာစုပုံလို့
ကိုယ့် အုတ်ဂူအတွက်
မြေနေရာရှာနေခဲ့ရတယ်
သြော်………..
ဆိုးလိုက်တဲ့…ကြမ္မာရယ်
တခါလောက်လေးပဲ
အလျော့ပေးလိုက်လို့
မရဘူးလား
ဂစ်တာတစ်လက်နဲ့
ပိုင်ဆိုင်စရာဆိုလို့
ဘာမှမရှိတော့တဲ့
လူတစ်ယောက်ဆီက
ဘာတွေများထပ်လိုသေးလို့လဲ
နဂိုကမှနဲ့နဲ့လေးပါ
ခုတော့ရူးယုံကလွဲပီး
ဘာမှကိုမရှိတော့ပါဘူး …….အိန်ဂျယ်ရယ်။ ။
မုတ်သုံ
No comments:
Post a Comment