Monday, October 17, 2011

လူနဲ့ဂီတ



သီချင်းရေးဆရာလေ
သီချင်းပဲရေးမှာပေါ့
ငါထုဆစ်တဲ့ဂီတ
ဧရာဝတီလောက်မခမ်းနားပေမယ့်
လိပ်ပြာတစ်ကောင်လို
ခဏလေး အတောင်ဖြန့်ကျက်ခဲ့တယ်
ခေတ်ဟောင်းက ROCK တစ္ဆေတွေ
အရိပ်လို အနောက်ကနေ
ရသမြောက်ခြင်းကိုပေးခဲ့တယ်
ငါထုဆစ်တဲ့ဂီတ
ခမ်းနားချင်မှခမ်းနားမယ်
မြင့်မြတ်ချင်မှမြင့်မြတ်မယ်
ဘယ်တော့မှ အအတစ်ယောက်တော့
အဖြစ်မခံနိုင်ပါဘူး
တန်ဖိုးဆိုတာလူကသတ်မှတ်တာတဲ့
ရသမြောက်မှုမှာ ဘာပေတံမှမရှိပါဘူး
ငါယုံကြည်တဲ့ကောင်းကင်မှာတော့
ငါ ဘုရင်ပဲပေါ့
နောက်ထပ်
ဘာ လိုဦးမှာလဲ

                                                မုတ်သုံ

No comments:

Post a Comment