ငါ့ကိုမချစ်တဲ့
ငါချစ်တဲ့ကောင်မလေးရေ
အိပ်မက်နရီတွေ
လွဲတဲ့ အခါ
စည်းချက်မဲ့ ရင်ခုန်သံတွေနဲ့
အကြည့်တစ်ချက်အောက်
ငါးပါးမှောက်ခဲ့ပြီပေါ့
ဆန္ဒတွေဘယ်လောက်ရှိရှိ
အင်အားမဲ့နေတဲ့
ဒီရင်ဘတ်
ဘာမှကိုခံစားလို့မရ
တွေဝေမိန်းမူးလို့
ရင်ခုန်ရင်းရူးခဲ့ရ
ပူလောင်တဲ့မျှော်လင့်ခြင်းတွေ
ထာဝရပိုက်ထွေးရင်း
(အဲဒီအရှုံးပါပဲ
ငါသေသေချာချာ
သိမ်းဆည်းထားတယ်
မင်းကိုသတိရတဲ့ အခါ
မကြာမကြာ…ငါ
ထုတ်ထုတ်ကြည့်ချင်လို့)
မုတ်သုံ
()မင်းခိုက်စိုးစန်၏ကဗျာတစ်ပုဒ်မှ
No comments:
Post a Comment