Monday, October 17, 2011

နှလုံးသားတက်တူး



ဂွတ်ဘိုင် ဆိုပြီး
ပစ်ချထားခဲ့ပြီးပြီးပဲ
ဒီပွဲမှာ မင်းကြွေ………..အောင်ပါတယ်
ဒါပေမဲ့ မုသာဝါဒ နဲနဲရှိရင်ကို
ပေါပေါများများ ရနိုင်တဲ့
အချစ်ဆိုတာ
ငါ သတိမထားလိုက်တာ
ရပါတယ် ပင့်ကူမလေးရယ်
ခံနိုင်ရည် အားများများရှိ လို့
ငါ ဒီပွဲကို ကစားခဲ့တာ
တကယ်တော့ အရှံးအနိုင်ဆိုတာ
နင် သတ်မှတ်လို့ရတာမဟုတ်ဘူး
ငါ့အတွက်
အရှုံးဆိုတာ
နေသားတကျဖြစ်နေတဲ့ အိမ်မက်
တခုဆိုတာလေးပဲ
နင်သိထားပေးပါ……………….

                                         မုတ်သုံ

No comments:

Post a Comment