Saturday, October 15, 2011

အပြစ်မဲ့အမှား



ပြီးဆုံးသွားတော့မှ
တခါတလေပြန်လိုချင်သေးတယ်
အရင်လိုအထိအတွေ့လေးတွေ
အိပ်မက်ထဲ အရိပ်တစ်ခုလို
ဆုံမှတ်မညီတဲ့ ဆန္ဒတစ်ခုအတွက်
နောက်ဆုံးတော့ အပြစ်တစ်ခုသာဖြစ်လို့
ငါ့ ရဲ့ညံ့ဖျင်းမှုတွေပါ
ပြန်မပြောနားမထောင်တတ်တဲ့ တေလေ
ရင်ထဲတော့မချိပါဘူး
အလွမ်းနဲ့ငါကတော့
အမြဲနေသားတကျပါပဲ
ဆုံတွေခဲ့သမျှ ခဏတဖြုတ်မဟုတ်ပေမဲ့
တန်ဖိုး သတ်မှတ်လို့ မရခဲ့ပါဘူး
ပုံဖော်မရနိုင်တဲ့ ငြီးငွေ့ခြင်းတွေနဲ့
ခံယူချက်တစ်ချို့ အသက်မဲ့လို့
ဟန်ဆောင်ကောင်းတာတော့
မဟုတ်ပါဘူး
ငါ….
သွေးအေးတဲ့ တေလေတစ်ကောင်ပါ။


                                                                   မုတ်သုံ



No comments:

Post a Comment