Saturday, October 15, 2011

နှလုံးသားပါဖော်မင့်




သံပါတ်ပေးထားခံရတဲ့
အရုပ်တရုပ်ရဲ့ ရင်ဘတ်ထဲမှာ
သံချေးတက်နေတဲ့
အိမ်မက်တွေနဲ့
ပျင်းစရာကောင်းတဲ့
ရင်ခုန်မှုကိုထုဆစ်နေတယ်
ကမ္ဘာကြီးကတော့
သဘာဝမိခင်ပေးတဲ့
အင်အားတွေနဲ့ပြုံးနေတယ်
ဆိုးတယ်လို့အရောင်ဆိုးရင်
ငါ သောင်းကျန်းလိုက်တယ်
ရင်ခုန်ခြင်းဆိုတာအတွက်တော့
ဘာမှမလိုပါဘူး
မုသာဝါဒ နဲနဲ ရှိရင်ကို
ရင်ခုန်လို့ရနေတာပဲလေ
ကဲ ဒီယဉ်ကျေးမှုလောက်
ပျော်စရာကောင်းတာရှိဦးမလား
ဘာကိုမှမသိမ်းပိုက်
ဘာကိုမှမစွဲလမ်းတဲ့ ၀ိညာဉ်ဟာ
ငါပေါ့……….
အနာဂါတ်မရှိ
မျှော်လင့်ခြင်းမရှိ
ရည်ရွယ်ချက်မရှိ
ရည်မှန်းချက်မရှိတဲ့ ငါ့ကမ္ဘာမှာ….
နှလုံးသားအတုတွေနဲ့
မုသာဝါဒ နဲနဲများများနဲ့
ရင်ခုန်နှုန်းတွေကို
အရှိန်မြှင့်လိုက်ရအောင်……………


မုတ်သုံ



No comments:

Post a Comment