Saturday, October 15, 2011

အမှတ်တရ မဟုတ်တဲ့ ဒဏ်ရာ



နှင်းစက်လိုဖြူစင်ခြင်းတွေနဲ့
ရိုးသားစွာ ပြုံးတတ်တဲ့
ကောင်မလေးရေ
တို့ နှစ်ယောက်အမှတ်တရ
ဒီဇင်ဘာကိုတော့
တစ်ပါတ်ပြန်လည်လာပြန်ပီ
ဘာမှတော့ မဟုတ်ခဲ့ပေမယ်
အမှတ်တရတိုင်းဟာ
ဒဏ်ရာတွေ တစ်ပွေ့တစ်ပိုက်နဲ့
အဖြူသက်သက်နဲ့
စိတ်ထဲ အမှတ်တရ
ဖြစ်နေသလားပဲ
အဲ့ဒီလမှာ မင်းမွေးနေ့ရှိတယ်
အဲ့ဒီလမှာ မင်းငါ့ရင်ခွင်ထဲမှာ
ငိုခဲ့ဖူးတယ်
အဲ့ဒီလမှာပဲ မင်းနဲ့ငါ ချစ်သူဖြစ်တယ်
အဲ့ဒီလမှာပဲ ငါ့ကို မင်းနမ်းခဲ့ဘူးတယ်
အဲ့ဒီလမှာပဲ ငါတို့ အများကြီးစဉ်းစားဖူးတယ်
အဲ့ဒီလမှာပဲ ငါတို့ ဝေးသွားခဲ့တယ်
အဲ့ဒါတွေ အားလုံးကို
ငါ မမှတ်မိပါဘူး   မေ့ထားခဲ့တာပါ
ဒါပေမယ့်
နှလုံးသားရဲ့ အလိုအလျှောက်
တုံ့ပြန်မှုစနစ်အရ
ငါ အမှတ်ရနေတယ်
ကောင်မလေးရေ…………………..။


                                                မုတ်သုံ

1 comment:

  1. ညီမအားပေးခဲ့တယ်နော်အကို

    ReplyDelete