Monday, October 17, 2011

လမ်းခွဲကောင်းကင်



ဟားလှလိုက်တဲ့
လမ်းခွဲ…….
ကောင်းကင်မျက်နှာကတော့
ညိုမလိုနဲ့ပေါ့
မိုးရွာတော့မှာလားလို့တော့
မမေးလိုက်ပါနဲ့
တစ်ကိုယ်လုံးတောင် စိုပြီးခဲ့ပီလေ
ဓါး ရှပါတယ်ဆိုမှ
အပေါက်လေးနဲ့လားလို့
ငါ့နှလုံးသားကို ငါ
သံချောင်းခေါက်မိနေတယ်
ဒေါင်……
အော် ၄နာရီတောင်ထိုးပီလား
ဘာမှမရှိတဲ့ မနက်ဖြန်မှာ
ဒဏ်ရာတွေက အသင့်
နာကျင်ရမယ့် အဖြစ်……..အပျက်တွေက
စောင့်နေမယ်ဆိုတာ
ပြေးကြည့်ချင်နေတဲ့
လူအ..လေးတစ်ယောက်ရဲ့
အိမ်မက်တွေကတော့
တဖြည်းဖြည်းနဲ့
ဆေးလိပ်ငွေ့တွေလို
ပျောက်ရင်း…….ပျက်ရင်း………………..
ပျောက်ရင်း…….ပျက်ရင်း……………….
ပျောက်ရင်း…….ပျက်ရင်း………………..။


                                                                             မုတ်သုံ

No comments:

Post a Comment