Monday, October 17, 2011

ဝင်ကစွပ်ဒိုင်ယာရီ



စလုံးနဲ့ စမလို့ရှိသေး
ဆလိမ်နဲ့ ဆုံးနေပီလေ
ကြားဖူးတဲ့စကားတစ်ခုတော့ရှိတယ်
ကိုယ်ရဲ့ခံစားချက်တွေကို
သိုဝှက်နိုင်လေလေ
သူများတွေအပေါ်မှာ အနိုင်ရနိုင်လေလေဆိုပီး
မှန်လားမမှန်လားတော့မသိပေမယ့်
ဟန်ဆောင်ခြင်းအတတ်ပညာဆိုတာ
အဲ့လောက်ခဲယဉ်းလှပါလားလို့
သိလိုက်တဲ့ အချိန်
ဒီရင်ဘတ်မှာလဲ
ဒဏ်ရာတွေအထပ်ထပ်နဲ့ပေါ့
စိတ်ကူးယဉ်တယ်ဆိုတာ
အခြေအနေတွေအပေါ်မှာ
မူတည်တယ် ကောင်မလေး………
ငါ့ဟာ
စိတ်ကူးယဉ်ခွင့်ဆိုတာ
အိပ်မက်တောင် မက်ခွင့် မရှိတဲ့
တေလေတစ်ကောင်ပါ…….
ဝင်ကစွပ်တစ်ကောင်ရဲ့
ခံစားချက်တွေကို
လောလောဆယ်တော့
အေးအေးဆေးဆေးလေးပဲ
ထားလိုက်တာ
ကောင်းပါတယ်……………..။


မုတ်သုံ

No comments:

Post a Comment