Saturday, October 15, 2011

ဝေဒနာများရဲ့ သတို့သမီး



သူ့ရဲ့ရင်ဘတ်ထဲမှာ
သမိုင်းတစ်ချို့ကို
မပျောက်ပျက်အောင်
ထိမ်းသိမ်းထားခဲ့တယ်
သူ့ရဲ့နှလုံးသားထဲမှာပဲ
ရာဇ၀င်ဟောင်းတွေမြေမြုပ်
ပစ်ခဲ့ပြီး….
ရာဇ၀င်သစ်များကို
မွေးမြူပေးခဲ့တယ်
ကဗျာဆရာ
ပန်းချီဆရာ
ဂီတပညာရှင်တို့က
သူရဲ့ရာဇ၀င်များအတွက်
စာတင်ဂုဏ်ပြုခဲ့ကြတယ်
ခုတော့
သူ့ရဲ့ ရင်ဘတ်ထဲမှာ
သွေးပျက်ခြင်းရဲ့ညတွေနဲ့
ကြေကွဲခြင်းတွေကို
နှစ်သိမ့်ပေးမဲ့
ပေးဆပ်ခြင်း နှလုံးသားတစ်ခုကတော့
ရမ္မက်တစ်ခု အတ္တတစ်ခုရဲ့
သားကောင်ဖြစ်တော့မှာကို
မသိပဲ
စီးဆင်းမြဲ…ငြိမ်းချမ်းမြဲပါပဲလား
သတို့သမီးရယ်…….
သူတစ်ပါးလင်းဖို့
သမိုင်းတွေလောင်ကျွမ်းပေးရလောက်အောင်
သူမက ဖယောင်းတိုင်မဟုတ်ဘူးဆိုတာ
မသိရော့ လေသလား……
လမ်းပြပေးခဲ့တဲ့ အလင်းရောင်လို
ရေသောက်မြစ်တစ်ခုလို
အကျိုးပြုခဲ့ပေးပြီး
ခု
ရင်ဘတ်တစ်ခုလုံး
လောင်ကျွမ်းစေပြီး
အလင်းပေးရတော့မယ့် အဖြစ်ကို
သိနှင့်နေတာအောင်
ငြိမ်းချမ်းတဲ့ အပြုံးလေးနဲ့
စီးဆင်းမြဲပါလား
သတို့သမီးရယ်………….။



                                                                   မုတ်သုံ



ဘယ်ဝယ်မြောက်တောင်..
အမှောင်လွှမ်းမိုး
အကျိုးအမြတ်ဇယားတွေကစား
မသနားသူများရဲ့ လက်ထဲက
ဘ၀ အလှ သဘာဝပျောက်ပြီ
မဖြေသာသည်.ရေဇလာနဒီ
အို.....ဧရာဝတီရယ် ။။။။

No comments:

Post a Comment