Monday, October 17, 2011

မြေခွေး



ကဲ
ကောင်းကြသေးရဲ့လား
လူတစ်ယောက်အတွက်
ပန်းတပွင့်ဆိုတာ
သိက္ခာတရားကိုပွန်းပဲစေနိုင်သလား
ရယူမှုတွေနဲ့ပူလောင်တတ်တဲ့ဘ၀ကို
ပျော်တတ်တာ လူလား…….
စပျစ်သီးကို ချိုသလား ချဉ်သလား
ငါတခါမှ မစမ်းကြည့်ခဲ့ပါဘူး
ချိုတာလဲ မာယာ
ချဉ်တာလဲ မာယာပါပဲလေ
ဒါသူ့ရဲ့ ရပိုင်ခွင့်ပဲလေ
ငါ့မှာ
ဘာကိုမှ မတပ်မက်တော့
ဘာကိုမှလဲ ပူလောင်စရာ
မရှိတော့ဘူးလေ
သုညရဲ့သီအိုရီကိုရေးခဲ့တဲ့ငါ
ကိုယ်တိုင်လဲ
သုညပဲပေါ့
ကဝေမလေးရယ်

                                  မုတ်သုံ

No comments:

Post a Comment