Saturday, October 15, 2011

လုံးပါးပါးခံစားချက်





အသက်ငွေ့ငွေ့နဲ့
လျှောက်ခဲ့တဲ့ ခရီး
ပရိယာယ်တွေနဲ့
ပြည့်နှက်ခဲ့ပေါ့
ဝေးခြင်းနီးခြင်းထက်
ပိုလေးနက်တဲ့
လွမ်းချင်း တစ်ခုအတွက်
နှလုံးသားလဲ
လုံးပါးပါးခဲ့ပေါ့
ကံမကုန်ခဲ့ရင်တော့
သံတူကြောင်းကွဲ
စကားတစ်ချို့
ထပ်တူညီလို့ရမှာပေါ့
အပြီးသတ်ပွဲအတွက်
ဆန္ဒတစ်ခုကို
လောင်းကြေးထပ်လိုက်တယ်
အခုလောလောဆယ်တော့
မသေယုံလေး
ငါ…..
အားတင်းထားတယ်…………………။


                                                                   မုတ်သုံ

No comments:

Post a Comment