Monday, October 17, 2011

အချစ်=အရှုံး


ရိုးသားစွာနှောင်ဖွဲ့ခြင်း
လို့ အမည်မတတ်
လိုက်နဲ့လေ
မာယာတွေ မပါဘူးလို့
မင်း အာမခံနိုင်လို့လား
ဘာပဲဖြစ်ဖြစ်ပါ
အချစ် ဆိုတဲ့ စိတ္တဇနာမ်ကြောင့်
တော်တော် များကတော့
ရူးခဲ့ကြပြီးကုန်ပီလေ
တကယ်တော့
အချစ် ဆိုတဲ့ ကောင်က
အရှုံးသမားပါပဲလေ
မာန နဲ့ယှဉ်ရင်လဲ
သူပဲရှုံးတယ်
သိက္ခာနဲ့ ယှဉ်ရင်လဲ
သူပဲရှုံးတယ်
ဘ၀နဲ့ယှဉ်ရင်လဲ
သူပဲရှုံးတာပဲလေ
ကျေနပ်ပါတယ်
အရှုံးပေးပီး
ချစ်နေရတာလေးကိုပဲ
ငါ…..
တော်တော် ကိုပျော်ပါတယ်…………။

မုတ်သုံ

No comments:

Post a Comment