Wednesday, October 19, 2011

အချစ်နဲ့ကစားခြင်းသည် တခါတရံ အသက်ရှုရပ်စေ၏




မကျီစားပါနဲ့ နမ်မီးဆစ်ရယ်
မင်းရဲ့ အပြုံးတစ်ချက်ကြောင့်
ဒီကောင် ငါးပါးမှောက်သွားနိုင်တယ်
မင်းနဲ့ မတွေ့ဆုံဖြစ်ပေမယ့်
ငါ့ ရဲ့ အသက်ငွေ့ငွေ့
ခံစားချက်တွေနဲ့ သီကုံးခဲ့တဲ့
ခပ်ညံ့ညံ့ ကဗျာတွေကို
မင်းဖတ်သွားတယ်လို့ သိရတိုင်း
ဒီကောင်ရင်ဘတ်မှာ
လိပ်ပြာတောင်ပံတစ်ချက်ခပ်သွားခဲ့ပေါ့
ဟုတ်တယ် ငါသံဆူးကြိုးပါ
ဒါပေမယ့် အဲ့ကောင်ရဲ့ ရင်ဘတ်ထဲမှာ
မင်းကို မှတ်မှတ်ရရ ရှိနေခဲ့တာတော့
မထူးဆန်းဘူးလား
ဘာပဲဖြစ်ဖြစ် ကိုယ်ဖြစ်ချင်သလိုပဲ
ငါတွေးလိုက်တယ်
မင်း ငါ့ နောက်မှာရှိနေတယ်လို့လေ
အဲ့လိုအတွေးလေးနဲ့ပဲ
ငါနေပျော်ပါတယ်
တကယ်တော့ ဝေးခြင်းနီးခြင်းတွေကို
ငါ ဂရုမထားမိခဲ့ဘူး
မင်းအသံလေးကြားတိုင်း
မင်းကို သတိမရဘူးလို့
ငါ့ နှလုံးသားကို ကျားကန်းပီးတော့
ပြောရင်းးနဲ့
ညိုမြမြ အကို ဆက်လက်
လွင့်နေတုန်းပါပဲလေ……………………….။


                                                မုတ်သုံ

1 comment:

  1. နမ်မီးဆစ်တော့ မဟုတ်ပါဘူးးး ကဗျာတွေတော့ ဖတ်သွားပါတယ် အစ်ကိုရေ

    ReplyDelete