ဘ၀အတွက်
လက်မောင်းရိုးကျိုးနေတဲ့ငါ
ပျံသန်းဖို့ စိတ်ကူးဖို့ကတော့
ခပ်ဝေးဝေးမှာ အိပ်လို့ကောင်းတုန်းပေါ့
စိတ်ကျရောဂါ ကိုခံစားရင်း
ညဉ့်ငှက်တစ်ကောင်လို
ညတွေမှာသာပျော်ဝင်ချင်တယ်
တကယ်တမ်းပြောကြကြေးဆို
အိပ်မက်လှလှလေးတော့
သော်တာလမင်းအလင်းရောင်လေးလို
တမ်းတမိသား……
ဒါပေမယ့်…ငါ့ရင်ဘတ်မှာ
ပန်းပွင့်ဖို့မှ မလုံလောက်တာ
ရေကန်ဘေးမှာထိုင်ရင်း
ရေဆာနေတဲ့ငါ
နှလုံးသွေးကိုဖောက်ပြီး
ကိုယ့်ဝါသနာကို ရေလောင်းဖို့ကတော့
ဆန္ဒသာရှိ အင်အား မရှိတဲ့ဘဝ
နောက် တစ်ကြိမ်ရှင်သန်ခွင့်ရမယ်ဆိုရင်
ဝင်လာသမျှတွေကို
ငြိတွယ်နိုင်လောက်တဲ့
သံဆူးကြိုးသာ ဖြစ်ချင်တော့တယ်။ ။
မုတ်သုံ
No comments:
Post a Comment