Saturday, October 15, 2011

ရင်ဘတ်တခြမ်းရဲ့ရိုးရာ



ကောင်မလေးရေ
သိုဝှက်ခြင်းတွေအပြည့်နဲ့
ငါ ရဲ့ ရင်ဘတ်ထဲမှာ
ဘာမှမရှိဘူးတော့
မဟုတ်ဘူး…..
ငါဆိုတဲ့ကောင်က
ငါ့ကိုယ်ငါတောင်
မေ့ထားဖို့
လောကကြီးဆီက
သင်ယူနေတတ်ခဲ့တယ်
အဲ့ဒီတော့ အချစ်ဆိုတာအတွက်
ပုခုံးတစ်ချက်တွန့်
ပြုံးပြနှုတ်ဆက်ယုံလေးပဲ
ငါ တတ်နိုင်ပါတယ်
ခံစားချက်တစ်ခုဖြစ်တည်လာတိုင်း
ငါ ကဗျာရေးတတ်ပေမယ့်
အဲ့ဒီကဗျာတွေတိုင်းကတော့
နှစ်ချို့ခံစားချက်တစ်ခုမှာ
အခြေခံတယ်လေ
နားလည်မှာပါ……
ဘာမဟုတ်တဲ့ခံစားချက်ဆိုတာ
လုပ်ယူလို့တော့
မရနိုင်ဘူးလေ…..
အဲ့လိုနဲ့
ဘာရယ်မဟုတ်ပဲ
နှလုံးသားတစ်ခုကို
မျက်နှာဖုံးစွပ်ပြီး
ငါ
ရင်းကြည့်လိုက်တယ်………………..။

                                                                   မုတ်သုံ

No comments:

Post a Comment