Tuesday, October 25, 2011

လေးလုံးစပ်မော်ဒန်နဲ့ အသည်းကွဲခြင်း

မျှော်လင့်ရင်းနဲ့ဝေး
ကြွေလွင့်ရင်းနဲ့ဆွေး
မနေတတ်ပေမယ့်
ဖြေတတ်ပါရစေ....။
ဘောပင်လေးကိုကိုင်
အလွမ်းစာတွေရေး
မင်းကိုတမ်းတ
မှောင်မိုက်နေသမျှ
အဲဒါ ငါ့ရဲ့ ညပေါ့....။

တမ်းတမ်း တတ
နွမ်းလျ ရင်ထဲ
အားငယ်၍လည်း
ငိုဖူးခဲ့တယ်
နင်စေရင်သွား
လိုလျှင် ခစား
သခင့် စကား
ငါ့ရဲ့ အားပါ
အဝေးရောက်နေ
သောကဝေစဉ်
ရင်လှိုင်းခတ်သံ
တိုးတိတ်မျှော်သည်
ဆိုင်သူသိစေ
တောင်းဆုခြွေရင်း
ရာသီစက်ဝန်း
ပြောင်းခဲ့ပြီလေ။။။။

ကောင်မလေးရေ
အချစ်တစ်ခုဖြစ်တည်ဖို့အတွက်
ငါ နှလုံးသား တစ်ခုလုံး
ကိုရင်းနှီးလိုက်ရတာပါ
မင်းရဲ့သာယာတဲ့
လေပြေနဲ့တူတဲ့ ရယ်သံလေးတွေကြား
ခပ်ညံညံ ငါ
လမ်းတွေပျောက်ခဲ့ပေါ့
ဖြစ်နိုင်မယ်ဆိုရင်တော့
မင်းရဲ့ အပြုံးအောက်မှာ
ငါ ဒူးထောက်ခစားပါရစေ
ငါ့ ရဲ့ အတိတ်မှာ
ကြမ်းတမ်းတဲ့ အမာရွတ်တစ်ချို့
ရှိနေပေမယ့်
ငါ မင်းကို ရူးသွပ်ပါတယ်
ဘာပဲဖြစ်ဖြစ်
တည်နေရာတွေ
အချိန်တွေ
နင် သိစရာမလိုပါဘူး
နင် သိဖို့ လိုတာက
ခပ်ညံညံ ဂျစ်ပစီ
တစ်ယောက်ရဲ့ရင်ဘတ်ထဲမှာ
မင်းက ဘုရင်မ ဆိုတာပါပဲ……………….။


နိုးနိုးဝီရစ်မုတ်သုံ
ရောသမမွှေထားသည်

1 comment:

  1. အရမ်းကောင်းပါတယ်ဗျာ~~မုန်းခြင်းမပါ~~ချစ်ခြင်းဖွဲ့တေး~~တစ်ကယ်ဝေးသွားလောက်အောင် ပုံဖော်နိုင်သူ အချစ်ခြင်းတူကျတဲ့~~ချစ်စွာသောမောင်နှမတို့ရေ~~အားပေးရင်လေ့လာသွားပါကြောင်း~~ဂျစ်ပစီညီမောင်တစ်ယောက် သင်ယူရဖို့~~အလယ်တစ်ခေါက်ရောက်ခဲ့ပါတယ်ဗျာ~~

    ReplyDelete