Saturday, October 15, 2011

ငါနဲ့ ငါ ရဲ့ စီးချင်း



ဝါးတားတား အတွေးနဲ့
အိမ်မက်အသေတွေကို
အသက်သွင်းဖို့
ငါ ကြိုးစားနေခဲ့တယ်
ပန်းတိုင်မရှိတဲ့ ပြိုင်ပွဲတွေအတွက်
နှလုံးသားတွေ ရင်းပြီး
အတ္တမာနတွေနဲ့
စီးချင်းထိုးနေခဲ့ရတယ်
တကယ်တော့
ဘေးနားမှာရှိနေတဲ့
ချစ်ခြင်းမေတ္တာအတွက်
မသိချင်ယောင်ဆောင်ရင်း
ငါ့ နှလုံးသား ငါ လိမ်ညာရင်း
သံဆူးကြိုးဖြစ်လိုက်
ဆူးလှည်းဖြစ်လိုက်နဲ့
ခရီးဆက်နေတယ်
သွေးအေးတတ်တယ်
ရည်ရွယ်ချက်မရှိဘူး
ရည်မှန်းချက်မရှိဘူး
အဲ့လိုနဲ့
အိပ်မက်ဟောင်းတစ်ခုမှာ
ငါ
လူကောင်းမဟုတ်ဘူး………..။

                                                          မုတ်သုံ

No comments:

Post a Comment