Monday, October 17, 2011

ဆူးစူးခံရတဲ့…ဗီလိန်






ဘာ
ဗီလိန်ဟုတ်လား
အေးဟုတ်တယ်
ရင်ထဲကဆန္ဒဖြစ်တည်ဖို့
အတွက်….ငါ
ဗီလိန်ဖြစ်ရင်ဖြစ်ပါစေ
သူများနောက်ကျော
ဒါးနဲ့ထိုးပြီး
ရိုးသားတဲ့သိုးမည်ယောင်တော့
ငါမဆောင်နိုင်ဘူး
ကိုယ်ပျော်ဖို့အတွက်
သူများရင်ဘက်ကိုနင်းတဲ့အလုပ်
ဒီဗီလိန်ဆိုတဲ့ကောင်
ဘယ်တော့မှ မလုပ်ဘူး
ဆူးများတဲ့……
ပန်းတစ်ပွင့် အတွက်တော့
ငါဗီလိန်ဖြစ်ရင်ဖြစ်နေမယ်
အေး..
ဒါပေမယ့်…
ပန်းတပွင့်ကိုခူးချွေမယ့်
ဗီလိန်တော့မဟုတ်ဘူး
မင်းအတွက် နှလုံးသားကို
ချခင်းပေးထားတဲ့
ဗီလိန်တစ်ကောင်ပါ……….။


                                      မုတ်သုံ

1 comment:

  1. လုံးဝမိုက်တယ်~~ခံစားချက်ကိုဘယ်လိုအလိုက်နဲ့ချိုးချရမယ်ဆိုတာ သိရပြန်ပြီ~~ကျေးဇူးပါ အကိုသုံ~~:))

    ReplyDelete