Monday, October 17, 2011

မျှော်လင့်ခြင်း



တကယ်တော့ မမှီမှန်း
သိပါတယ်
နမ်မီးဆစ်လို့ စိတ်မျိုးကို
ပိုင်ဆိုင်ထားမှန်းလဲ
ငါ….သိနှင့်နေပါတယ်
ဒါပေမယ့်
ဒီနှလုံးသားက
မီးထဲကို ပိုးဖလံထက်ဆိုးတဲ့
အချစ်တွေနဲ့ တိုးနေမိတယ်
ကဲ …….သမင်မလေးရယ်
ဘာမှမရှိတဲ့ မျှော်လင့်ခြင်းတွေဟာ
အဲလောက် အထီးကျန်ဆန်မှန်း
ငါမသိခဲ့တာတော့
ကြေကွဲစရာကောင်းတဲ့ နိဒါန်းပေါ့
အဆုံးမရှိတဲ့ မြစ်
ဆက်ရန်ရှိတဲ့ ပင်လယ်
အခုမှစတဲ့ သမုဒ္ဒရာ
အပိုင်းပိုင်းကျိုးနေတဲ့ ရင်ဘတ်
အဲ့ဒါပဲပေါ့
အရောင်အဆင်း ကင်းတဲ့
ချစ်ခြင်းတွေသာ….
ငါ့………………
ကမ္ဘာပါပဲလေ………………………။

                                                          မုတ်သုံ

(နမ်မီးဆစ်=ကလဲ့စားချေတတ်သောနတ်သမီး)

No comments:

Post a Comment