Monday, October 17, 2011

မုသာဝါဒ ရာဇ၀င်





အပျက်ပျက်နဲ့
သွေးတော့ ထွက်တော့မယ်
ဇာတ်ဆရာရေ..
နှာခေါင်းသွေးမဟုတ်ပဲ
နှလုံးသွေးဖြစ်နေတာတော့
နာကျင်စရာမကောင်းဘူးလား
ဒါပေမယ့်လဲ
မမောနိုင် မပန်းနိုင်
ညလုံးပေါက်ကို
ဒီငနဲ…..က
ရှုံးမယ့်ပွဲကို
ကချင်နေသေးတယ်
အဲ့ဒါမှလဲ
လူဖြစ်ရတာအဓိပ္ပာယ်
ရှိတော့မှာပေါ့
မုသာဝါဒတွေများလွန်းတော့
အချစ်တွေပျောက်နေတဲ့
ငါ့နှလုံးသား….
ဘာမှန်းမသိတဲ့
ခံစားချက်တွေနဲ့ပဲ
ကောင်းကောင်းကြီး
ရွက်လွှင့်လိုက်တော့မယ်။။။။။။။။။

                                                မုတ်သုံ


No comments:

Post a Comment