Monday, October 17, 2011

God will send my rain



အို..မိုးရေစက်တွေ
တိမ်တွေကြေကွဲနေသလား
ရင်ဘတ်ထဲမှာတော့
သားကောင်တစ်ကောင်ရဲ့
နာကျည်းမှုတွေနဲ့
ငါ အမဲလိုက်ခံလိုက်ရတယ်
နောက်ဆုံးမှာဘာကျန်ဦးမှာလဲ
ရေသောက်မြစ်ကို ဆွဲထုတ်ခံလိုက်ရတဲ့
ငါ ရှင်သန်ခြင်းတွေမဲ့
ခဏတိုင်း ခဏတိုင်းမှာ
ဂုဏ်ပြုခံလူ မဖြစ်ခဲ့ရဘူး
စိတ်ကောင်းဝင်နေတဲ့ ဗီလိန်
အားနာလိုက်တာ မြေကြီးရယ်
ငါ့ရဲ့ခန္ဓာကိုယ်နဲ့ မင်းကိုအကျိုးပြုချင်ပေမဲ့
ရေသောက်မြစ်မှ မရှိတော့တာ……..
မျှော်လင့်ခြင်းတွေမှာ အဆုံဿးာဒ်
ဒဏ်ရာဆိုတာကဗျာ
လိုချင်ခဲ့တာတော့
ကန္တာရတခုရဲ့
မိုးရေလေး….တစ်စက်

                                                မုတ်သုံ













1 comment: