Monday, October 17, 2011

ရှင်းတမ်း



ကြွေခွက်ယောင်ဆောင်ထားတဲ့
ရွှံ့ခွက်လောက်ရှိတဲ့
စိတ်ထားတွေနဲ့
မြေနိမ့်ရာလှံမစိုက်ချင်စမ်းပါနဲ့
နားလိုက်စမ်းပါ
ယေဘုယျဆန်တဲ့အတွေးလောက်နဲ့တော့
တက်မလာနဲ့
တကယ်တမ်းပြောကြကြေးဆို
ခေါင်းဆောင်းထားမှန်း
လူတိုင်းသိတယ်
ပြန်မေးကြည့်လိုက်ပါ
ယုံကြည်မှုဆိုတာ
ကိုယ်ကအရင်ပေးရတယ်
ကိုယ်က အရင်မပေးနိုင်ပဲနဲ့
အလကားရတာ
ဒီလောကမှာ ဘာမှမရှိဘူး
မကျေနပ်ရင် လစ်သွားလိုက်
မင်းမိုက်ရင်
ငါ့ Effect ကိုခြေထောက်နဲ့
ဝင်နင်းကြည့်လိုက်
ပီးရင်တော့
သိသွားပါလိမ့်မယ်
ကိုယ်ဘာလုပ်နိုင်လဲဆိုတာ
နှစ်ကျပ်ကွက်နင်းတဲ့ အကွက်နဲ့
ဘောင်ခတ်ထားတဲ့
အကျင့်တွေကို
ငါတို့နဲ့တော်တော် ဝေးဝေးမှာ
ပစ်ထားခဲ့တယ်
လုပ်ကြည့်လိုက်လေ
ကြွေခွက်နဲ့ဒန်ခွက်
ဘယ်ဟာကကွဲဖို့လွယ်လဲဆိုတာ…………………။


                                                                                      မုတ်သုံ

No comments:

Post a Comment