Monday, October 17, 2011

သံသရာ



အမှန်ဆိုတာ ပြန်ပြင်လို့
မရတဲ့ အမှားပါလားလို့
သိလိုက်ရတဲ့ အချိန်
အလဲလဲ အကွဲကွဲနဲ့
ဘာဆိုဘာမှ မရှိတော့ပါလားနော်
ကောင်းပါတယ်
အရာအားလုံးအတွက်
စကားလေးတစ်လုံးထဲကသာ
အမှန်တရားဆိုတာ
ငါ ဒဏ်ရာတွေနဲ့
သင်ကြားတတ်မြောက်ခဲ့ပြီ
မျက်နှာ နှစ်ခုနဲ့လူ
လူနဲ့မျက်နှာ
အသိတရားတွေပျောက်နေတဲ့
အိမ်မက်………
မပြီးဆုံးနိုင်တဲ့လမ်း
ကဲ……..
ခင်ဗျား အသင့်ပဲလား…………

                                                မုတ်သုံ
           

No comments:

Post a Comment