Saturday, October 15, 2011

ရင်ကွဲရစ်သမ်


မှောင်မိုက်တဲ့ည
ဇာတ်ပေါင်းခန်းမပါတဲ့
ဇာတ်ညွန်းနဲ့ ငါ
သီချင်းတစ်ပုဒ် ချရေးလိုက်တယ်
မဆိုင်တဲ့ စကားလုံးတွေနဲ့
ငါ ရုပ်သေးတစ်ရုပ်လို
မသိစိတ်ကို မေ့ထားရင်း
ကြိုးဆွဲရာ ကခဲ့တယ်
စာသားမဲ့သီချင်းများညဉ်းရင်းနဲ့
ဘာရယ်မဟုတ်ပဲ
မင်းကိုငါ ပါးပါးလေးလွမ်းတယ်
တကယ်တော့ လေထဲ အရုပ်ရေးတဲ့ငါ
တည်ငြိမ်မှု မရှိတဲ့ ငါ့စိတ်ကြောင့်ပဲလေ
ဒီအတိုင်းဆွံ့အ ရင်း
ဦးနှောက်နဲ့ နှလုံးသားတိုက်ပွဲကြား
ဘာမှကျန်ရစ်စရာမရှိတော့အောင်
ဘာမှကို မရှိတော့ပါဘူးလေ
သိစိတ်နဲ့ မသိစိတ်
တိုက်ပွဲတွေကြား
အာရုံတွေမှောက် အသိစိတ်တွေပျောက်
နောက်ဆုံး
သွေးစို့နေတဲ့ အတွေးတွေနဲ့
ခပ်ယဲ့ယဲ့နှလုံးသားက
အသည်းကွဲခြင်း
ရစ်သမ်တစ်ခုကို
ငါ့ အပြစ်နဲ့ငါ ချရေးလိုက်တယ်………။


                                                                   မုတ်သုံ

1 comment:

  1. ဘာရယ်မဟုတ်ပဲ
    မင်းကိုငါ ပါးပါးလေးလွမ်းတယ်
    နာလည်လွမ်းနေတယ် သူ့ကိုဟိ

    ReplyDelete