Monday, October 24, 2011

မေခ ရုပ်သေးမင်းသမီး

 အစကထဲကငါပြောပါတယ်
အက်စစ်ကနေလူဖြစ်တာလို့ 
ငါမသိတဲ့ ငါကငါ့ ကိုအမိန့် ပေးရင်
သေဆေးလဲငါသောက်မိဘူးတယ်
အနိုင်ရလိုခြင်းနဲ့ ရှုံးခဲ့တာလဲ
များလှပါပေါ့ နောင်တတွေတောင်
သဲတွေလိုပုံခဲ့ ရ..
မရည်ရွယ်ဘဲနဲ့ ရည်ရွယ်ခဲ့ ပါတယ်
ကြင်နာနေရင်းနဲ့ နာကျင်စေခဲ့ ပါတယ်
ခွင့် လွှတ်တာဟာကောင်းကင်ဘုံက
နင်မုန်းနေနိုင်ပါတယ် မုန်းပါ
ပြုံးပြီးဝမ်းနဲနေတာမြင်ဘူးလား
ကဲ ကြည့် ပါ အဲဒါငါပါဘဲ
အသဲဆိုတာ ညာစရာလား
အခါခါမှားနေတဲ့ ဘ၀မျိုးမှာ
မင်းလဲသွားပါတော့ 
အသန်ဆုံး လက်တွေနဲ့ 
သံလုံးကိုလွှဲ ပစ်ပေမဲ့ 
ရစ်ထားတဲ့ သံဆူးကြိုး
နစ်နစ်စူးစူး ငါလဲရူးမတတ်ပါ
မင်းကျေနပ်မယ်ထင်ပါတယ်
ကိုယ့် ရင်သွေး ကိုယ်သတ်တဲ့ 
ကာလီနတ်လို ဗလာချီဇာတ်တခုထဲ
ငါငိုနေမိပါတယ်....။။။။

မေခ

1 comment:

  1. အဲ့~~ ရသအချိုးတွေလဲ မမြင်ရတာကြာပြီကွယ်~~:)

    ReplyDelete