Monday, October 17, 2011

wildlife

ရေလှိုင်းထဲမှာ
သက်ရူနေရသလို
မွန်းကြပ်တဲ့
လူနေမှုဘ၀ကို ငါ ခုံမင်တယ်..
ဒါပဲလေ
ဘ၀ဆိုတာ…….
ကြိုးတစ်ချောင်းလို
ဆွဲဆန့်လိုက်ချင်တယ်(အချိန်ကို)
ဒါအောင်မြင်မှုလို့
ခင်ဗျားပြောမလား
ကဲ….နှုတ်ခမ်းနီမလေးရေ
အချစ်သီချင်းတွေငါတို့
ကမ္ဘာမြေအတွက်
ဖော်ထုတ်ကြရအောင်
ဒါပေမဲ့
ကမ္ဘာကြီးရဲ့ အဖော်အချွတ်
အကတွေကိုတော့
ငါမကြည့်ပါရစေနဲ့

                                                    မုတ်သုံ

No comments:

Post a Comment