Monday, October 24, 2011

ဂျစ်ပစီရဲ့ လမင်းလမ်းချိုး




တစ်ခါက ဂျစ်ပစီတစ်ယောက် က လောကကြီးဆီက သင်ယူဖို့လမ်းလျှောက်ထွက်လာခဲ့တယ်
အဲလိုနဲ့လမ်းတစ်ခု အရောက်မှာ သူလို့ ပဲ ဂျစ်ပစီတစ်ယောက်နဲ့တွေ့တော့
သူ လှမ်းမေးလိုက်တယ်
ဒီမှာ ဒီမှာ လောကကြီးအကြောင်းကို သင်ယူနိုင်မယ့် လူက ခင်ဗျားလား
လို့မေးလိုက်တော့ အဲ့ဒီ ဂျစ်ပစီက
သိခြင်း မသိခြင်းက ငါ နဲ့ မဆိုင်ပေမဲ့ မင်းသိချင်တဲ့ အကြောင်းအရာတွေကို
လမ်းပြပေးမယ်လူဆီကို ငါ လမ်းညွှန်လိုက်မယ်
ဒီကနေရှေ့ တပြ ဆို ရောက်ပီ
ဒါပေမယ့် အဲ့လူကလဲ တကယ်တမ်းတော့ ဘာမှမဟုတ်ပါဘူးကွာ
အဲ့လိုနဲ့ ဂျစ်ပစီကတော့ လမ်းဆက်လျှောက်လာခဲ့တယ်
ကြယ်ရောင်မစုံတဲ့ လမင်းလမ်းချိုးအရောက်မှာ
သူ့ ကိုသင်ပေးနိုင်မဲ့ ဆရာလို့ သူက အမည်သတ်မှတ်ထားတဲ့
တတိယမြောက် ဂျစ်ပစီတစ်ယောက်နဲ့ သူစကားစမြည်ပြော စပြောလိုက်တယ်
ဆရာ ကျနော် ကို လောကကြီးရဲ့ အဘိဓမ္မာတွေကို သင်ယူခွင့်ပေးပါ
အဲ့လိုပြောလိုက်တော့ တတိယမြောက် ဂျစ်ပစီက
သိခြင်း မသိခြင်း
ချစ်ခြင်း မုန်းခြင်း
ဝမ်းနည်းခြင်း ပျော်ရွှင်ခြင်း
ကြည်နူးခြင်းမနာလိုခြင်းတွေ အကြောင်းကို မင်းသိချင်တာလား
ဘယ် အကြောင်းအရာ က မင်းစိတ်ကို အစိုးရလဲ ဆိုတာ မင်းသိချင်တာလား လို့
မေးခွန်းထုတ်လိုက်တယ်
အဲ့ဒီမှာ လမ်းလျှောက်ထွက်လာတဲ့ ဂျစ်ပစီက
သိလို့ရနိုင်သမျှကို သိချင်တယ် လို့ ဖြေလိုက်တယ်
အဲ့ဒီလို ပြော အပြီးမှာ
မင်း သိချင်တဲ့ အကြောင်းအရာတွေရဲ့ အောက်မှာ
မင်းက ပျောက်ဆုံးနေတယ်
တကယ်တော့ လောကကြီးရဲ့ အကြောင်းကို သိချင်ရင်
မင်း ဆီက မင်းပဲ ပြန်သင်ယူပါ
ချစ်ခြင်းမုန်းခြင်း ၀မ်းနည်းခြင်း သိခြင်း မသိခြင်း ယုံကြည်ချက် ရည်ရွယ်ချက် ရည်မှန်းချက်တွေကို
အစိုးရတာ လောကကြီး ၀ါ လောကဓံလို မင်းခံယူရင် အဲ့ဒီအတွက်
မင်း လောကကြီး ဆီက သင်ယူစရာမလိုပါဘူး
မင်းကိုယ် မင်းဆီက ပဲ သင်ယူလိုက်ပါ
မင်းဆီမှာ လောက နဲ့ပတ်သက်တဲ့ သင်ယူစရာတွေ အပြည့်ပါပဲ
မင်းသင်ယူလို့ပီးသွားရင်တော့
လမင်းလမ်းချိုးကတော့ အသင့်စောင့်နေပါလိမ့်မယ်………။


                                                                                      မုတ်သုံ

No comments:

Post a Comment