Monday, October 17, 2011

သဘော

လုပ်ရက်တယ်လို့
မပြောရက်ပါဘူး
ချစ်သူ……..
ဒီနှလုံးသားကို
မင်းအတွက်
စတေးခဲ့ပီးသားပဲ
ဒီကောင်ပေါ့
အချစ်တွေအပြည့်နဲ့
ဆောက်တည်ရာမဲ့တဲ့
အဖြစ်တွေနဲ့
အမူအယာတွေပျက်ယွင်းခဲ့တယ်
နင် စိတ်ချမ်းသာမယ်ဆို
ဒီရင်ဘတ်ကိုနင်း
အဲ့ဒဏ်ရာတွေက
ချိုမြိန်နေဦးမှာပဲလေ
အကြည့်လှတဲ့ကောင်မလေးရေ
မင်းချမှတ်တဲ့ အတိုင်း
ငါနေပျော် နေတတ်အောင်
စိတ်ကို ဒုန်းဒုန်းချလိုက်တယ်
တခုတော့ သိပေးပါ
ဖြစ်ခဲ့တဲ့ အကြောင်းတွေက
အချစ်ကြောင့် မှားခဲ့တယ်
ဆိုတာပါပဲ……
အဲ့ဒါတွေကို
ရင်ဘတ်ချင်း မြင်အောင်
ကြည့်နိုင်မယ့် ရက်ကိုပဲ
ငါ……….။
                                                          မုတ်သုံ

No comments:

Post a Comment