Thursday, October 27, 2011

အချိုးကျခြင်း



မင်းကောင်လေးနဲ့
အဆင်ပြေရဲ့လား နမ်မီးဆစ်ရေ
ငါကတော့ မင်းပစ်ချခဲ့တဲ့
အလွမ်းဆိုတဲ့ လမ်းဟောင်းထဲ
နေသားတကျပါပဲလေ
လမ်းခွဲခြင်းဆိုတာ
တကယ်တော့ အနုပညာတစ်ရပ်
မဟုတ်ခဲ့ပေမယ်
ရသတစ်ခုတော့ ရခဲ့ပေါ့
မျဉ်းပြိုင်ဆိုတာ
မဆုံနိုင်ဘူးဆိုကြပေမယ့်
အလွမ်းရဲ့တစ်ထောင့်တစ်နေရာမှာတော့
ဆုံမှတ်ရှိနိုင်မယ်ထင်ပါတယ်
ခုတော့……ငါ
ဂစ်တာတစ်လက်
ကော်ဖီတစ်ခွက်
မင်းပေးခဲ့တဲ့
အလွမ်းတစ်ချို့ တစ်ဝက်နဲ့
အရောင်အဆင်းကင်းတဲ့
ချစ်ခြင်းတွေကို
ငါ
ဆက်လက်ပုံဖော်နေစဲ ပါပဲလေ………….။

1 comment:

  1. ဆက်လက် ပုံဖော်နိုင်ပါစေဗျာ။ (y)

    ReplyDelete