Saturday, October 15, 2011

တေလေတစ်ကောင်ရဲ့မယ်လိုဒီ



ဒီဇာတ်သိမ်း
လွမ်းဖို့များ အစပြုခဲ့လေသလား
ဘာရယ်တော့မဟုတ်ပါဘူး
နေမြဲ ပုံစံလေးအတိုင်းပဲ
နေတတ်ခဲ့တာပါ
တကယ်ပါ
ငါ ဟာအတ္တကြီးတဲ့ကောင်ပါ
စိတ်ပျော်ရွှင်ဖို့ အတွက်
အချစ်တွေကို ရိုက်သတ်ပစ်ဖို့
ဝန်မလေးတတ်ခဲ့ဘူး
ရင်ဘတ်ထဲကဆန္ဒတွေကို
ရိုက်ချိုးတတ်လွန်းတော့လဲ
ဒီရင်ဘတ် အက်ရာဗလပွနဲ့
ရင်ချင်းအပ်ခဲ့ပေါ့
မိုးသောက်ရင် ငါအိပ်တယ်
မိုးချုပ်ရင် ကဗျာရေးတယ်
ဒါကတော့
တေလေတစ်ကောင်ရဲ့
မယ်လိုဒီပဲလေ
အဲ့ဒီတော့
အဲ့လိုကောင်
ဒီလိုဖြစ်တာ
မဆန်းတော့ပါဘူး……….။

                                                          မုတ်သုံ

No comments:

Post a Comment