Monday, October 17, 2011

ကုန်ကြမ်း



အိပ်မက်
အရမ်းပျော်စရာကောင်းတယ်
ဘာမှကို မပိုင်ဆိုင်တဲ့
မျှော်လင့်ခြင်း
ဆန္ဒတွေတစ်ပွေ့တစ်ပိုက်နဲ့
ရင်ခုန်စရာ….ည
ဘေးနားကအရိပ်က
ငါလား………
ဒီကဗျာ ကိုရေးဖို့ လိုတဲ့
ကုန်ကြမ်း….
ငါ့ကိုယ်ပေါ်မှာ
ငါပြန်တွေ့တယ်
ဟောင်းလောင်းပေါက်နေတဲ့
ဒီရင်ခွင်ထဲ
တပ်မက်ခြင်းတွေ
လောင်းထည့်လို့
အနာဂါတ်ခါးခါးတွေကို
ဟန်ဆောင်ခြင်းတွေနဲ့
ငါစားသုံးခဲ့တယ်
အဲ့ဒီနေ့က မိုးမရွာပါဘူး
ဒါပေမယ့်
သောကြာနေ့တော့ကြတယ်…………။

                                                          မုတ်သုံ

No comments:

Post a Comment