Monday, October 17, 2011

အိပ်မက်ဖျော်တဲ့ စက်



ခဏတိုင်းမှာ
ရင်ခုန်တတ်ခဲ့တာတော့
မဟုတ်ပါဘူး
ဖရိုးတီနား နတ်သမီးရဲ့
နှုတ်ခမ်းပါးပါးလေးအောက်မှာ
ငါ……..
အတိတ်မေ့ခဲ့ရတာပါ
ဒီလိုတွေဖြစ်မယ်မှန်းသိရင်
အိမ်မက်ဖျော်တဲ့စက်ကို
ငါ မိုက်မိုက်မဲမဲ
ဝယ်မိမှာမဟုတ်ဘူး
ခုတော့ အသက်တခါရူတိုင်း
တခါကိုယ့်ကိုကိုယ့်
ပြန်ပြန်ချနင်းနေရသလိုပါပဲ
ဇာတ်ညွှန်းမရှိတဲ့ ရိုက်ကွင်းမှာ
ဗီလိန်ဆန်ဆန်
ငါ
အသုံးတော်ခံရင်း…နဲ့
မစခင်ကဆုံးနေတဲ့ ဇာတ်လမ်း
မိုးအလင်းပဲကလိုက်တော့မယ်

                                                မုတ်သုံ


No comments:

Post a Comment